ကောင်လေး ——– ကောင်မလေး
ကောင်လေး။ ။ ငါနင့်ကို လမ်းမေးလို့ရလား…
ကောင်မလေး။ ။ဘယ်နားသွားချင်လို့လဲ…
ကောင်လေး။ ။နင့်ရဲ့ နှလုံးသားကမ္ဘာထဲကိုလေ…
ကောင်လေး။ ။ နင့်ရဲ့ ခြေထောက်တွေ အရမ်းပင်ပန်းနေပြီနော်….
ကောင်မလေး။ ။ ဘာလို့ ပင်ပန်းရမှာလဲ…
ကောင်လေး။ ။နင်က ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပြေးနေလို့လေ….
ကောင်လေး။ ။ဒီနေ့ မိုးအရမ်းကြီးတယ်နော်…
ကောင်မလေး။ ။ဟုတ်တယ်..
ကောင်လေး။ ။သိကြားမင်းက ငါတို့ နှစ်ယောက် အတူတူရှိတာကို သွားရေကျလို့ ဖြစ်မယ်….
ကောင်လေး။ ။ငါ့ကို ယုံပါ..ဒီကမ္ဘာမှာ ငါ့ကြောင့် နင်ဒုတိယကံအကောင်းဆုံးလူတစ်ယောက်ဖြစ်စေရမယ်….
ကောင်မလေး။ ။ဘာလို့ ပထမမဟုတ်ရတာလဲ…
ကောင်လေး ။ ။နင်ရှိနေမှတော့ ပထမ ကံအကောင်းဆုံး လူက ငါဖြစ်နေလို့လေ….
သူငယ်ချင်း ချစ်သူလေး
Posted by တောရက်စ် on August 29, 2011 at 10:50 AM |
ငါမသိလိုက်တဲ့အချိန်မှာ
ငါ့ရင်ထဲမှာ နင်ဝင်လာခဲ့တယ်
သူငယ်ချင်းဆိုတဲ့ အစဉ်လာတွေကြားမှာ
ငါ့ရဲ့ရင်နာစရာအဖြစ်တွေကို နင်ညှင်သာစွာ နှစ်သိမ့်ဖူးတယ်
ဘယ်ဘ၀ ရဲ့ ၀ဋ်တွေလဲ
နင်မရှိရင် မနေတက်တော့တဲ့ ငါ့အဖြစ်ကို နင်မြင်နိုင်ရင် သိပ်ကောင်းမယ်
သူငယ်ချင်း ဆိုတဲ့ တံတိုင်းကြီးကြောင့်
ငါတို့ ကမ္ဘာတွေခြားနေလဲ
ငါ့ရင်မှာ နင်အမြဲရှိနေဆဲပါ
ချစ်တဲ့ သူငယ်ချင်း ချစ်သူလေးရယ် ♥…
မင်းစကားဆို အမိန့်လိုလေးစား အသက်ကဲ့သို&
Posted by တောရက်စ် on August 29, 2011 at 10:45 AM |
နေခဲ့ဆို မလိုက်တော့ပါဘူး
ငါကမင်းစကားကို အမိန့်ကဲ့သို့လေးစားတတ်သူပါ
မငိုနဲ့မင်းဆိုရင်
ရင်တွင်းမှာတီးတိုးရှိုက်ငို နှလုံးသားမှာ
မျက်ရည်ဘယ်လောက်စိုနေပါစေ
ပါးပြင်ကိုတစ်စက်မှမလိမ့်ဆင်းစေရပါဘူး
ဒီမှာပဲ လမ်းခွဲလို့မင်းဆိုရင်
ဘယ်လမ်းလွှဲကမှရပ်မစောင့်မိအောင်ကြိုးစား
ဟိုး…………..အစွန်အဖျားတစ်နေရာကနေ တိတ်တိတ်ကလေး လွမ်းနေပါ့မယ်
ဒီလောက်လေးပါပဲ ( May Thet )
Posted by တောရက်စ် on August 29, 2011 at 10:40 AM |
ငါ နင့်ကို သိပ်မချစ်ခဲ့ပါဘူး
တဘ၀စာတည်းပါ
နင့် အချစ်ကို သိပ်မမျှော်လင့်ခဲံပါဘူး
လွန်ခဲ့တဲ့ ၆နှစ်လေးကတည်းကပါပဲ
နင့် အတွက် မပေးဆပ်ခဲ့ပါဘူး
ဘ၀လုံးစာအတွက်တည်းပါ
နင့်ကို ငါ သိပ်မတမ်းတခဲ့ပါဘူး
ငါ အသက်ရှုနေစဉ်အတွင်းလေးပါပဲ
ဗန်းစကား ( ညီနေညီ)
Posted by တောရက်စ် on August 19, 2011 at 8:55 AM |
အချစ် … တဲ့
လူတိုင်းပြောတဲ့ စကားတစ်ခွန်းကို
အဓိပ္ပာယ်လိုက်မေးကြည့်တော့ …
တိတိကျကျလည်း ဘယ်သူမှ မပြောနိုင်ကြဘူးးး
(ဒါနဲ့များ ဘာလို့လဲ ရေပန်းစားနေလိုက်တာ)
ငါ့ကိုယ်ငါ ပြန်ကြည့်တော့ အချစ်ဆူးတွေ စူးလို့
သေသာသေလိုက်ချင်တော့တယ်။
တကယ်တော့ အချစ်ဆိုတာ
ရင်ဘတ်က မသင်ပဲတတ်တဲ့ ဗန်းစကား …
ညီနေညီ ●•ツ
အချစ်လား .. ၀င်ခဲ့ပါ ( ညီနေညီ)
Posted by တောရက်စ် on August 19, 2011 at 8:45 AM |
ဘယ်အချိန်ကြည့်ကြည့်
ကောင်းကင်မှာ ကြယ်တွေကတော့ ရှိနေကြတာပဲ။
(ငါ့ရင်ဘတ်ကို နက်နက်စူးသွားတဲ့
နင့်ရဲ့ ဥပေက္ခာတွေလိုလေ)
အမာရွတ် မကျန်ခဲ့ပေမယ့်
အသက်ရှူလိုက်တိုင်း တချက်တချက်တော့
အောင့်တုန်းပဲ …
နင် အလိုကျ ကပြရအောင်
ငါလည်း ချိုမိုင်မိုင်ပဲ တတ်တယ်။
ဘာပဲဖြစ်ဖြစ် နင် သိထားဖို့
မှာခဲ့ပါရစေ …၊
နင်ပြန်လာခဲ့ရင် ငါ့အတွက်
(အချစ်ဆိုရင် ၀င်ခဲ့ပါ၊
ကိုယ် တံခါးစေ့ထားတယ်။
အလွမ်းဆိုရင်တော့
အိမ်ရှင် အပြင်သွားပါတယ် …)
ညီနေညီ ●•ツ
ရုံစောင့်
Posted by တောရက်စ် on August 19, 2011 at 8:45 AM |
…………. ရေ၊
နင့် ရင်ခွင်ထဲကို ငါ ၀င်ကြည့်ချင်တယ်။
(ဘာတွေ ရှိသလဲလို့)
လက်မှက်ကို ကိုင်ပြီး ငါ ရောက်ခဲ့ပါရဲ့။
အံ့သြစရာ . . .
နင်ဟာ ရုံစောင့်ကြီး ဖြစ်နေတယ်။
လက်မှတ်ကို ဆွဲယူပြီး
တစ်ဝက်ကို ဆုတ်ပစ်လိုက်တယ်။
အဲဒါဟာ ၀င်ခွင့်ပြုတာလား။
ဒါမှမဟုတ် . . .
ဒုတိယ ( ညီနေညီ)
Posted by တောရက်စ် on August 19, 2011 at 8:45 AM |
ဒဿလိုလည်း မျက်နှာမများဘူး
ဂျူးလိယက်လိုလည်း အချစ်မကြီးဘူး
စိတ်ကူးပေါက်မှ ရောက်လာတတ်တဲ့
နွေဦးပိတောက်ကိုလည်း မကြိုက်ဘူးးး
ကံစမ်းမဲ ဗန်းပြပြီး ကြော်ငြာဖို့
ကုန်ပစ္စည်း ကြီးကြီးမားမားလည်း
ငါ့မှာ မရှိပါဘူး ။
(ရင်ဘတ်နဲ့ ဆန့်သလောက်တော့ ချစ်တတ်တယ်…)
အနံ့ရိုင်းရိုင်းနဲ့ လေယူရာယိမ်းတဲ့
ညမွှေးပန်းတွေကိုတော့
တခါတလေ သတိရမိတယ်
ပြန်မရတော့တဲ့ ကလေးဘ၀က
တစ်စစီဖြစ်နေတဲ့ အရုပ်ကလေးတွေလည်း
အမှတ်တရ သိမ်းထားသေးရဲ့
တစ်ခါက ချစ်တယ်လို့ပြောပြီး
ပစ်ထားခဲ့တဲ့ ဆံပင်ရှည်ရှည်ကောင်မလေးကို
တွေ့ရင် လက်တို့ပြီး မေးလိုက်ကြပါ
(ချစ်သေးရဲ့လား လို့ …)
ကျနော်ကတော့ ဆောင်းရောက်တိုင်း
အလွမ်းတွေ ထထဖောက်လို့
ဆေးသောက်နေရတယ်ဗျာ။
ဒုတိယဆို ဘယ်နေရာမှ မကောင်းဘူး
တစ်နေရာတော့ ရှိတယ်
(နင် သေပြီးမှ ငါသေမယ်။)
ပြန်လာခဲ့ …
ဒီရင်ဘတ်က အရင်အတိုင်းပဲ
နင့်အတွက် ဟက်တက်ကြီးးး
ညီနေညီ ●•ツ
မှတ်ချက် ( ညီနေညီ)
Posted by တောရက်စ် on August 19, 2011 at 8:40 AM |
အလွမ်းဆိုတာ အသံထွက်မရီတတ်တဲ့ နတ်ဆိုးတစ်ကောင်
အချိန်ဆိုတာ ၀င်သက်ထွက်သက်ရဲ့ ဘာသာစကား
ဆိုပါများလို့ မေ့သွားတဲ့ စာသားတစ်ပိုဒ်ထဲမှာ
ငါ့အိပ်မက်တွေ ၀ှက်ပါသွားတာ နင်မသိလိုက်
အငိုက်မိလို့ အချစ်ခံလိုက်ရတဲ့ ဒီရင်ဘက်ကြီးကတော့
အမှတ်တမဲ့တွေ အကွက်လိုက် အကွင်းလိုက်
မြွေ မြွေချင်းကျတော့ ခြေမြင်သတဲ့
တီကောင်တွေလည်း အင်းးး . . .
ခြေပဲ မြင်မှာပါလေ (မြင်ပါစေ)
နင်နဲ့ငါက မြွေမကျ တီမက
ရှည်ရှည်ထွက်လာတဲ့ အလွမ်းတွေကို
ဗြူတီပါလာမှာ One Way လှလှလေး သွားညှပ်ထားတယ်
စိတ်ဓာတ်ကျတတ်တဲ့ ညတွေကို
အိပ်ဆေးတစ်ခွက်နဲ့ အသက်ဆက်ခဲ့ရတာလည်း ကြာပေါ့
ပြန်မမှတ်မိတော့တဲ့ ကဗျာတစ်ပုဒ်ထဲမှာ
ပက်ပက်စက်စက် ချစ်တတ်တဲ့အကြောင်းကို
ခါးစောင်းတင်ပြီး ရေးထားတာ ဖတ်ဖူးတယ်
ဘာတဲ့ . . .
နင်ချစ်တယ်ဆိုတာ ဒါလား
သံသရာမကြေဘူး နောင်ဘ၀ ဒီထက် ချစ်ပြမယ်တဲ့
ညီနေညီ ●•ツ
သူသိပါစေ ….
Posted by တောရက်စ် on August 19, 2011 at 8:35 AM |
မျှော်လင့်ခြင်းရဲ့ နေ့ရက်တွေကို
ခဏခဏ သတိရပေမယ့်
ဥပေက္ခာပြုနိုင်သူ ရှိမှတော့
ငါ့ဘက်က ဘာတတ်နိုင်မှာလဲ
ဒါဟာလဲ
မင်းပေးတဲ့အရသာသစ်ဆိုရင်
်ချိုမြိန်တယ်လို့ ယူဆလိုက်ပါ့ မယ်….
မစားရလို့ စပစ်သီး
ချဉ်တယ်လို့မပြောလိုပါဘူး……
အသီးက ခါးနေရင်တောင်
ငါ့အတွက်တော့ ချိုမြိန်နေဆဲပါပဲ…….
လှမ်းခူးခွင့်မရခဲ့ရင်တောင်
လှမ်းမျှော်ခွင့်လေးတော့
ငါ့မှာ အခွင့်ရှိပါသေးတယ်…
သူသိပါစေ ….
Posted by တောရက်စ် on August 19, 2011 at 8:35 AM |
မျှော်လင့်ခြင်းရဲ့ နေ့ရက်တွေကို
ခဏခဏ သတိရပေမယ့်
ဥပေက္ခာပြုနိုင်သူ ရှိမှတော့
ငါ့ဘက်က ဘာတတ်နိုင်မှာလဲ
ဒါဟာလဲ
မင်းပေးတဲ့အရသာသစ်ဆိုရင်
်ချိုမြိန်တယ်လို့ ယူဆလိုက်ပါ့ မယ်….
မစားရလို့ စပစ်သီး
ချဉ်တယ်လို့မပြောလိုပါဘူး……
အသီးက ခါးနေရင်တောင်
ငါ့အတွက်တော့ ချိုမြိန်နေဆဲပါပဲ…….
လှမ်းခူးခွင့်မရခဲ့ရင်တောင်
လှမ်းမျှော်ခွင့်လေးတော့
ငါ့မှာ အခွင့်ရှိပါသေးတယ်…
ဒီလောက်လေးပါပဲ ( May Thet )
Posted by တောရက်စ် on August 19, 2011 at 8:25 AM |
ငါ နင့်ကို သိပ်မချစ်ခဲ့ပါဘူး
တဘ၀စာတည်းပါ
နင့် အချစ်ကို သိပ်မမျှော်လင့်ခဲံပါဘူး
လွန်ခဲ့တဲ့ ၆နှစ်လေးကတည်းကပါပဲ
နင့် အတွက် မပေးဆပ်ခဲ့ပါဘူး
ဘ၀လုံးစာအတွက်တည်းပါ
နင့်ကို ငါ သိပ်မတမ်းတခဲ့ပါဘူး
ငါ အသက်ရှုနေစဉ်အတွင်းလေးပါပဲ
တချိန်က ကောင်မလေးအတွက် …( သူသိပါစေ)
Posted by တောရက်စ် on August 18, 2011 at 7:05 AM |
မဖြစ်နိုင်တော့ ပေမယ့် 
မျှော်လင့် မိသေးတယ် ဒါငါ့ ဘက်ကအခွင့် ရေးပဲ။
အနားမှာ မရှိတော့ ပေမယ့် 
တောင့် တမိသေးတယ် ဒါပေမယ့် ငါချစ်နေရင်ပြီးတာပဲ။
မင်းဘက်က တုံ့ ပြန်မှုကိုမလိုပါဘူး
ချစ်ခြင်း မုန်းခြင်းတွေကို ငါဂရုမစိုက်ဘူး။
အဓိက ကငါချစ်နေဖို့ ပဲ။
ဒါပေမယ့် အကြွေပန်းကိုစောင့် နေဖို့တော့ 
ငါ့ နှလုံးသားက အဲဒီလောက် မနူးညံ့ ဘူး။
TORRES_MC
———————————————————————————————————–
……..ကောင်းတယ်ဗျာ …. ဆက် ကြိုးစားထားရဲဘော်ရေ…. ဒီလိုမျိုးဆို ပန်းတိုင်က မဝေးတော့ဘူးဗျ ……:O 😛
good luck…….My brother……
အင်းးးးးးးးးးးမိုက်လို့နည်းနည်းယူလားတယ်နော်ပိုင်ရှင်ရေ
ဆရာတောရက်(စ်) အရမ်ူကောင်းတယ် ကဗျာတွေက ကြိုးစားပါ အောင်မြင်အုံးမှာ အမြဲအားအေးနေမယ်နော်…….
ကောင်းတယ် ကဗျာတွေကတော့ အသည်းကိုဟတ်တက်ထိတာပဲ…..တောရစ်ကိုယ်တိုင်ရေးတာလာ ဟဲဟဲ….
ကဗျာတွေက အရမ်းကိုကောင်းပါတယ် ဆရာရေ…ဆက်ကြိုးစားပါနော်………………………..
ဆရာ ..ကဗျာ အသစ်လေးတွေတင်ပေးပါအုံး…….နော်…စောင့်နေမယ်နော်…………..ကြိုးစားပါ
အချစ်ဆိုမှတော့ ရင်တွင်းဖြစ်ပဲပေါ့…ကဗျာလေးတွေကို ကြိုက်ပါတယ်ဗျာ…..
ဖက်လို့တော့ကောင်းတယ်ဒါပေမဲနဲတယ်ဖက်လို့မ၀ဘူး
heart ထိတယ်….ဆရာရေ …
ကောင်းပါတယ် သူငယ်ချင်းနဲ့ဆိုင်တဲ့ကဗျာတွေကိုပိုကြိုက်တယ် နောက်ထပ်လည်းရေးပေးပါအုံးနော် သူငယ်ချင်းကိုချစ်နေရတဲ့ခံစားချက်မျိုးလေးပေါ့
အင်းကဗျာတွေကိုကြိုက်တယ်
သိလား
ဒါပေမယ့်အဲလိုမရေးနဲ့တော့နော်မခံစားနိုင်လို့
အလွမ်းဓာတ်ခံရှိတဲ့အတွက် ကဗျာတွေဖတ်ရတာ ခံစားရပါတယ် …
အရမ်းကောင်းတယ်ဗျာ..
အရမ်းကြိုက်တယ်ဗျာ…
ဘာလို့TORRESရဲ့နာမည်ယူရတာလဲငါက သူကိုအရမ်းချစ်တာ တစ်ခြားနာမည်သုံးလေ TORRESကိုကြိုက်နာ၎နစ်ရှိပီ ကြီလာရင်လည်းသှုနဲ့ယူမှာ
JANE
ဗျာ.. တောရက်စ်မှာ မိန်းမရှိတယ်နော်.. ကလေးနှစ်ယောက်နဲ့လေ 😛
ကောင်းလဲမကောင်းဘူး၇င်ထဲကိုအောင့်သွားတာပဲ
ကဗျာဆိုတာခံစားချက်ရှိမှစပ်လို့ရတာ
ခံစားချက်မရှိတဲ့ငါ့အတွက်ဘယ်ကဗျာတွေကကာရံညီဖို့သက်သေပြုမှာလဲ
ကဗျာတစ်ပုဒ်ကာရံညီဖိုကနွေးထွေးမှုအပြည့်နဲ့ရင်ခွင်တစ်ခုလိုတယ်
အကြင်နာအပြည့်နဲ့အပြုံးတစ်ခုလိုတယ်ကဗျာတွေဆီသွားဖို့နှလုံးသားနဲ့ခင်းထားတဲ့လမ်းတစ်ခုလိုတယ်ဘယ်လိုလဲဖြစ်နိုင်ပါ့မလား
အရမ်းကောင်းတယ်နော်သူငယ်ချင်းထံသို့ဆိုတဲ့ကဗျာလေးကိုလေကျွန်တော့ရင်ဘက်ထဲမှာcopy ကူပြီး ချစ်နေမိသူတစ်ယောက်အတွက်ကဗျာလေးကိုအသုံးချခွင့်ပြုပါနော် @2!!!@
တကယ်ကောင်းတယ်ဗျာ။ စိုင်းစိုင်းလိုပြောရရင်တော့ အရမ်းမိုက်တယ်ပေါ့။ ကြိုးစားပါ အကို။ အောင်မြင်မူတွေကို ဆက်တိုက်ခံစားနိုင်ပါစေ။
အရမ်းကောင်းတယ်..ဗျ..
သိပ်ကြိုက်တယ်ဗျာ.. နောက်ထပ်ကြိုးစားပြီးရေးပြီး တင်ပေးပါဦး
ကောင်းပါတယ်ခင်ဗျာ ဆက်ပြီးတော့ကြိုးစားပါနော် ကျွန်တော်ကကဗျာချစ်သူပါ
အရမ်းကြိုက်တယ်ဗျာ
ကဗျာလေးတစ်ပုဒ်ယူခဲ့တယ်နော်………..
ဖတ်လို့ကောင်းပါတယ်
အစ်ကို့ကဗျာကိုဖတ်ဖို့ညီလေးစိတ်မခိုင်သေးပါဘူး
အဲဒီလို ကဗျာတွေတင်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ အကို့ကဗျာတွေကိုအားကျလို့ ကျွန်တော်လည်း ကိုယ်တိုင်ရေးထားတာလေးတွေကို တင်ချင်လို့ပါ။
ကျနော့်ဆီကို မေးပို့ပြီးဖြစ်ဖြစ် အကောင့်မှာ စာချန်ခဲ့တာဖြစဖြစ် တင်ပေးပါ့မယ်ဗျာ by name နဲ့
ကဗျာတွေကတကယ်လန်းတယ်ဗျာ…တကယ်ကြိုက်တယ်…အရမ်းတော်တာပဲနော်….
အရမ်းကောင်းပါတယ်.. ကြိုးစားပါ.. ကုန်ရင်ထပ်ဝယ်စားပါ…:P
တကယ်ကိုကောင်းတဲ့ကဗျာတွေပါပဲ ကဗျာအားလုံးကိုကောင်းတယ်များများရေးဗျာအကို ဒီထက်အများကြီးရေးနိုင်ပြီး အခုထက်အများကြီးပိုပြီးအောင်မြင်ပါစေ…ကြိုက်လွန်းလို့နည်းနည်းယူသွားတယ်နော်
ကောင်းတယ် ကဗျာတွေက ဒါပေမယ့် ခံစားမှု ပေါ့တယ်
အကို့ကဗျာတွေကို ကြိုက်ပေမယ့် ပေးစရာကောင်မလေးမရှိလို့ယူမသုံးတော့ပါဘူး။ ဒါပေမယ့် အကို့သူငယ်ချင်းတွေကိုလက်ဆင့်ကမ်းပေးပါ သရဲ ပြီးဆေးလိုချင်ရင်ကျွန်တော်နဲ့ဆက်သွယ်ပါလို့ …ကြိုးစားပါအကိုရေ ကမ္ဘာကြီးအတွက် ကဗျာဆိုတာ အာဒံနဲ့ ဧ၀ ဆီမှာကတည်းကရှိခဲ့တာလို့။
Hart ထိတယ်ဆိုတာ ဒါမျိုးပြောတာလားမသိ
အရမ်းကောင်းတဃ်ဗျာ….ရင်ထဲကိုထိသွားတဃ်
ကောင်းတော့ကောင်းတဃ်….ဒါပေမဃ့်မျက်စိစပ်တဃ်
အရမ်းလေးစားတယ်
ကျေးဇူးပါ
တောရက်စ်လို့ ဘာလို့နာမည်ပေးထားတာလဲ။ ကဗျာတွေက အရမ်းကောင်းပါတယ်။ ခံစားမှုအပြည့်နဲ့ ရေးထားတာထင်တယ်။
တောရက်စ်ဆိုတာ ကျနော်အကြိုက်ဆုံး ဘောလုံးသမားဖြစ်နေလို့ပါဗျာ……………
ကဗျာတွေက အရမ်းကောင်းပါတယ် နှလုံးသားခြင်း တိုက်ဆိုင်တယ်
ကောင်းတော့ကောင်းတယ် ဒါပေးမဲ့ကောင်းတယ် ဟဲဟဲ
စိတ်တော့ရှိနဲ့ နော် တော်တော် ကောင်းလို့ ကြိုက်တယ် ………..ဂူဂူ ကိုပြောတာ
ထပ်တူညီတယ့်ကဗျာတွေရှိသလို…..ထပ်တူမညီတယ့် ကဗျာတွေက ကျွန်တော့ ရှေ့ရေးကိုကြိုပြောနေသလိုပဲနော်…..ကဗျာကောင်းလေးတွေကို မွေးဖွားပေးပါဦးနော်
အရမ်ကောင်းတယ်ဗျာ……………ဆရာ့ကဗျာတွေက heart ကိုထိစေတယ်…………ဟဲဟဲ…
ကောင်းတယ်ဗျာဆက်ရေးပါအားပေးမယ်နော
စာသားလေးတွေကို သဘောကျပါတယ်………….ဆက်ပြီးကြိုးစားနော် …………အားပေးလျှက်ပါ
အကို.ရဲ. စာသားလေးတွေက ထိတယ်ဗျာ… မိုက်တယ်…
ကောင်းပါတယ်
ကျတော်လဲတော်တော်ကြိုက်ပါတယ်
ကြိုက်တယ်ဗျာ ယူထားလိုက်ပြီ ပိုင်ရှင်ရေ……….
သိပ်ကောင်းတဲ့ကဗျာလေးတွေပါ ကျွန်တော်အကုန်လုံးနီးပါးကိုကြိုက်တယ် ကျွန်တော့်ရင်ထဲကို ၀င်ကြည့် ပြီးတော့ ကျွန်တော့်အတွက်ရေးထားသလိုပါပဲ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ နောက်ထက် လည်းထပ်ရေးပေးပါဦးနော်
အရမ်းနဲ.ကြိုက်တယ်ဗျာ နှလုံးသားကိုကွက်တိထိတယ်
ဆရာ.ကိုအစဉ်အမြဲအားပေးနေပါတယ်
ကောင်းဘူးဗျာခံစားရလွန်းလို့ ခိခိ
ရေရေလည်လည်လန်းတယ်ဗျာ
အ၇မ်းနှစ်သက်မိတယ်
ကိုကတော့ကြိုက်တဲ့ကဗျာလေးတွေကော်ပီကူးထားတယ်ကြိုးစားပါအားပေးနေပါတယ်
ရင်ထဲကိုနင့်သွားတာပဲ
ဖတ်နေရင်းနဲ့မျက်ရည်တောင်ကျမိတယ်
အရမ်းကိုကောင်းပါတယ် ။ နောက်ထပ်တွေမျှော်နေပါတယ်….
Good
ရမ်းမိုက်တယ် ဆရာရေ