☻ အချစ်ဆိုတာ
အမြဲတမ်းကိုယ့်ဘက်က အလျှော့ပေးပြီးချစ်ရင်
အနိုင်ယူချင်ကြတယ်…..

○ အလျှော့မပေးပြန်တော့လဲ
မချစ်ဘူးလို့ပဲ ထင်ကြတယ်….

◘ တကယ်တော့
အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုပေးနိုင်ရင်
အဲအချစ်က ပိုခိုင်မြဲတယ်ဗျာ ……………….

Photo: ☻ အချစ်ဆိုတာ
အမြဲတမ်းကိုယ့်ဘက်က အလျှော့ပေးပြီးချစ်ရင်
အနိုင်ယူချင်ကြတယ်.....

○ အလျှော့မပေးပြန်တော့လဲ
မချစ်ဘူးလို့ပဲ ထင်ကြတယ်....

◘ တကယ်တော့
အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုပေးနိုင်ရင်
အဲအချစ်က ပိုခိုင်မြဲတယ်.....

—————————————————————————————

မျှော်လင့် ရုံလေးဆိုပေမယ့်
တမ်းတမ်းတတ တော့ လွမ်းမိတယ် ချစ်သူ
ပြီးခဲ့တဲ့ အတိတ်တွေက
အမှတ်တမဲ့ မဟုတ်ခဲ့တော့
ရင်ဘတ်ထဲမှာ မှတ်မှတ်ရရ ရှိသေးတယ်

ရိုးရိုးလေးပါပဲ ချစ်သူ
ရေကြည်ရာ မြက်နုပေါက်ခဲ့သလို
လေနှင်ရာ လွင့်လို့သွားပြီပေါ့
မတားခဲ့ချင်တာ မဟုတ်ပေမယ့်
ငါ့ ဘ၀က သိပ်ဆိုးတယ် ချစ်သူ
ကြယ်ကြွေရင်တောင် ဆုတောင်းပြည့်ဦးမှာ
ငါ သေရင်နင့် အတွက် ဘာမှ ဖြစ်မလာနိုင်ခဲ့ဘူးလေ

မေ့လိုက်ပါပြီ
အသက်တမျှတို့ နဲ့ တစ်ဘ၀စာတို့
ချစ်ခဲ့ဖူးတဲ့ အကြောင်းတွေ
ပြောခဲ့ဖူးတဲ့ စကားတွေက အစ
ရောက်ခဲ့ဖူးတဲ့ နေရာတွေ အားလုံး
ငါ မေ့ ပစ် လိုက် ပါ ပြီ

ရိုးရိုးလေးပါပဲ ချစ်သူ
ငါတို့ တွေ လမ်းခွဲ ခဲ့ ကြတာဟာ
တကယ့် ကို ရိုးရိုးလေးနဲ့ ။

Photo: မျှော်လင့် ရုံလေးဆိုပေမယ့်
တမ်းတမ်းတတ တော့ လွမ်းမိတယ် ချစ်သူ
ပြီးခဲ့တဲ့ အတိတ်တွေက
အမှတ်တမဲ့ မဟုတ်ခဲ့တော့
ရင်ဘတ်ထဲမှာ မှတ်မှတ်ရရ ရှိသေးတယ်

ရိုးရိုးလေးပါပဲ ချစ်သူ
ရေကြည်ရာ မြက်နုပေါက်ခဲ့သလို
လေနှင်ရာ လွင့်လို့သွားပြီပေါ့
မတားခဲ့ချင်တာ မဟုတ်ပေမယ့်
ငါ့ ဘ၀က သိပ်ဆိုးတယ် ချစ်သူ
ကြယ်ကြွေရင်တောင် ဆုတောင်းပြည့်ဦးမှာ
ငါ သေရင်နင့် အတွက် ဘာမှ ဖြစ်မလာနိုင်ခဲ့ဘူးလေ

မေ့လိုက်ပါပြီ
အသက်တမျှတို့ နဲ့ တစ်ဘ၀စာတို့
ချစ်ခဲ့ဖူးတဲ့ အကြောင်းတွေ
ပြောခဲ့ဖူးတဲ့ စကားတွေက အစ
ရောက်ခဲ့ဖူးတဲ့ နေရာတွေ အားလုံး
ငါ မေ့ ပစ် လိုက် ပါ ပြီ

ရိုးရိုးလေးပါပဲ ချစ်သူ
ငါတို့ တွေ လမ်းခွဲ ခဲ့ ကြတာဟာ
တကယ့် ကို ရိုးရိုးလေးနဲ့ ။

—————————————————————————————

ကျန်သူအလွမ်း

မိုးလယ်နေ့ တစ်နေ့

နေ့လည်ခင်းရဲ့ ရွာသွန်းနေတဲ့

မိုးတွေနဲ့ အပြိုင် …
ရင်ထဲမှာ ပူလောင်မှုတွေက အပြည့်
ဘယ်အရပ်က လာမှန်းမသိတဲ့
အလွမ်းတွေကလည်း ကြီးစိုးနေတယ်…
အရင်တုန်းက ကလှမ်းခဲ့ တဲ့ ကျောက္ကာလမ်း
အခုတော့ လွမ်းနေသယောင်… ငါ့အတွက် တော့
ဦးတည်းရာမဲ့ တဲ့ စိတ် တွေက
အတိတ်ကိုပဲ .. တ၀ဲလည်လည် …
ကျမျက်ရည် တွေသုတ်ခဲ့ရတာလဲ
အကြိမ်ကြိမ်.. ..
သေးသိမ်ခဲ့တာာက ငါ့ စိတ်ပါ …
ပြန်မရနိုင်တဲ့ အချိန်တွေကို တမ်းတနေရင်း……….. ။
သြော် .. ချစ်သူရယ်
မမုန်းဘူးဆို… ငါကိုတွေ့ရင်
ပြုံးရုံလေးတော့ ပြုံးပြပါနော်… ။

—————————————————————————————

မင်းသဘောအတိုင်းပါပဲ
=============
ဲ့
အချစ်စစ်တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့

နှလုံးသားတစ်ခုရင်းနှီးထားတယ်

စစ်မှန်တဲ့နှလုံးသားဖြစ်ကြောင်းသက်သေထူဖို့

အချိန်ကာလများစွာပေးဆပ်ထားတယ်

ဖြူစင်တဲ့ပေးဆပ်ခြင်းဖြစ်ကြောင်းခိုင်လုံဖို့

နင်ဘာတွေနဲ့စမ်းသပ်ချင်သေးလဲ

လူတစ်ယောက်အတွက် အနာကျင်ဆုံး၊ ခံစားရအလွယ်ဆုံး၊

ဒဏ်ရာရပြီးရင် အကောင်းအတိုင်းပြန်မဖြစ်တော့တဲ့

နှလုံးသားတစ်ခုလုံးရင်းထားရတာ

ဒါတောင်မှငါ့အချစ်မစစ်သေးဘူး မင်းထင်ရင်

ထားသွားနိုင်တယ် မင်းသဘောအတိုင်းပါပဲ

ကံကုန်ပြီပေါ့ ………… ရယ်.

Photo: မင်းသဘောအတိုင်းပါပဲ
=============
ဲ့
အချစ်စစ်တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့

နှလုံးသားတစ်ခုရင်းနှီးထားတယ်

စစ်မှန်တဲ့နှလုံးသားဖြစ်ကြောင်းသက်သေထူဖို့

အချိန်ကာလများစွာပေးဆပ်ထားတယ်

ဖြူစင်တဲ့ပေးဆပ်ခြင်းဖြစ်ကြောင်းခိုင်လုံဖို့

နင်ဘာတွေနဲ့စမ်းသပ်ချင်သေးလဲ

လူတစ်ယောက်အတွက် အနာကျင်ဆုံး၊ ခံစားရအလွယ်ဆုံး၊

ဒဏ်ရာရပြီးရင် အကောင်းအတိုင်းပြန်မဖြစ်တော့တဲ့

နှလုံးသားတစ်ခုလုံးရင်းထားရတာ

ဒါတောင်မှငါ့အချစ်မစစ်သေးဘူး မင်းထင်ရင်

ထားသွားနိုင်တယ် မင်းသဘောအတိုင်းပါပဲ

ကံကုန်ပြီပေါ့ ............ ရယ်.

—————————————————————————————

မဆုံဖြစ်ခဲ့တာ တော်တော်ကြာပြီနော်။
နင် အဆင်ပြေရဲ့လား……….ဆိုတဲ့
ငါ့အတွေးတွေရဲ့ အဖြေ ကို ငါကိုယ်တိုင်လည်း
သိနေခဲ့ပါတယ်။

အလွမ်း ဆိုတဲ့ စကားလုံးနှစ်လုံး ရဲ့
ထိုးနှက်ချက်တွေကြောင့် ငါ့ရင်ဘတ် တစ်ခုလုံး
ခုချိန်ထိ စုတ်ပြတ်သတ်နေတုန်းလေ။

တစ်ခါတစ်ခါ ဆုံလိုက်ရတဲ့ နင်နဲ့တူတဲ့ ပုံရိပ်တွေ
ကြောင့် ငါနင့်ကို မမေ့တာလား………
နင့်ကို တစ်ခါ မှ မေ့မရလို့ နေရာတိုင်းက
ပုံရိပ်တွေ မှာ နင့်ပုံရိပ်တွေ ဖြစ်နေခဲ့တာလား……

နင်အဆင်ပြေနေသလောက်
ငါ့မှာ ခုချိန်ထိ အတွေးတွေနဲ့ ရှုပ်ယှက်ခပ် နေတုန်းပါ။

ညဥ့်နက်ချိန်တိုင်း ကြားနေရတဲ့ နင်ဆိုနေကျသီချင်းသံတွေ
နားဆင်နေရပေမဲ့ နင်မဟုတ်ဘူး ဆိုတဲ့ အသိကြောင့်
ငါစောစောအိပ်ယာဝင်တတ်ခဲ့ပြီ။

တစ်ကယ်ပါ ဟာ………
နင့်ကိုသတိရတိုင်း ဆိုဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်က

” မမြင်တာ မဆုံတာ ကြာပေမဲ့ ရင်မှာ အမြဲတမ်း မင်း….ရှိတယ်”

—————————————————————————————

အဖြေမရှိတဲ့
အရာတွေအတွက်
အဖြေတစ်ခု
မျှော်လင့်ချက်အပြည့်နဲ့
ရှာဖွေနေတုန်း။

ပြီးဆုံးသွားတဲ့ ဇတ်လမ်းတစ်ခုကို
မပြီးသေးဘူးဆိုပြီး
ဇတ်သိမ်းတစ်ခု မျှော်လင့်နေတုန်း။

ပြန်မလာတော့တဲ့
လူတစ်ယောက်အတွက်
တန်ဖိုးရှိတဲ့ အချိန်တစ်ချို့
နင့်ကိုမျှော်လင့်ရင်း
ကုန်ဆုံး နေတုန်းချစ်သူ။

—————————————————————————————

အလွမ်းကဗျာ
အလွမ်းကဗျာကိုရေးရင်း

မင်းထားခဲ့တဲ့အတိတ်ကိုပုံဖော်

ချစ်ခဲ့တဲ့အကြောင်းများကိုထုဆစ်

နှလုံးသွေးများနဲ့ရေးတဲ့စာလုံးတွေက

ငါ့အတွက်တော့မင်းအတွက်စကားလုံးများပါပဲ။

အလွမ်းကဗျာများကငါ့ကိုပြန်ရေးသွားတဲ့အခါ

နင့်အတွက်နဲ့နှလုံးသားတစ်ချက်ခုန်ခုန်သွားတဲ့အခါ

အရင်တုန်းကရှိခဲ့တဲ့ပျော်ရွှင်မှုတွေက

အိပ်မက်Ghostလိုချောက်လှန့်နေဆဲပါချစ်သူ။

အိပ်မက်ကနိုးထဖို့ကြိုးစားရင်း

အပြင်မှာမဖြစ်နိုင်တဲ့လက်တွေ့ဘ၀မှာ

နင့်အတွက်ဆိုအမြဲဒူးထောက်ခယနေဦးမှာပါ။

အိပ်မက်ထဲမှာပေးခဲ့တဲ့နင့်အချစ်တွေနဲ့နင်က

ငါ့အတွက်တော့အလွမ်းကဗျာတစ်ပုဒ်ပါပဲချစ်သူ။

 

—————————————————————————————

ချစ်သူရယ်…
Made in China Heart♥ ကြီးနဲ့တော့…
ငါ့ကိုမချစ်ပါနဲ့ဟာ….
Love Expired Date တွေမြန်မြန်ကုန်ပြီး…
Now Exit my life… ဖြစ်သွားမှာစိုးလို့ပါ။

—————————————————————————————

“အပြုံးပုံပြင်””

အဲ့ဒီတစ်နေ့ 
ငါမှတ်မိသေးတယ်။
ငါ့နေ့ စွဲတွေထဲ
မင်းအပြုံးတွေနေရာယူခဲ့ တယ်

ငေးကြည့် နေ၇င်း
စက္ကန့် တွေကုန်သွားတယ်
တစ်ခဏတာ
အပြုံးတစ်ပွင့် နောက်မှာ
တစ်ဘ၀စာ အမှတ်တရတွေ
နင်ချန်ရစ်ခဲ့ လေရဲ့ 

မိုနာလီဇာကို ကိုယ်တောင်းပန်ရတော့မယ်
ကောင်မလေးရေ
ကျေးဇူးပြုပြီးမပြုံးလိုက်ပါနဲ့ 
ထိမ်းဖို့ ခက်တဲ့ ငါ့နှလုံးသား
မင်းအပြုံးအောက်မှာ
ရုန်းထွက်ဖို့ မဖြစ်နိုင်ရင်
ခက်လှချည်ရဲ့ 

နှုတ်ခမ်းလေးကွေးတိုင်း
ငါ့ မှာတော့ ရူးမတတ်ပဲ
မင်းအပြုံးတွေအောက်မှာ
ငါအပြေးတစ်ပိုင်းနဲ့ဒူးထောက်
ရူးလောက်အောင်ငါ
ခေတ်သစ်ဥမ္မာဒန္တီရဲ့ 
အပြုံးကျေးကျွန်ဖြစ်နေခဲ့ ပြီပဲ

ပုံကြမ်းမလိုပဲ
မင်းအပြုံးကို
ငါ့နှလုံးသားမှာရေးဆွဲ
ငါကိုယ်တိုင်မသိရှိခင်
ငါ့ကိုငါရစ်ပါတ်ခဲ့ 
ဒီမာယာမပါတဲ့ အပြုံးအောက်မှာ
နှလုံးသားက အလံဖြူပြခဲ့ ရပြီပဲ

ငါ့အခန်းနံရံမှာ
ငါဒိုင်ယာရီထဲမှာ
ငါ့အိမ်မက်တွေထဲမှာ
ငါ့ရင်ခုန်သံတွေထဲမှာ
မင်းအပြုံးရှိနေတယ်
ငါမတွေးပဲနဲ့ သိနေတယ်
ငါမကြည့် ပဲနဲ့ မြင်နေတယ်
မင်း အပြုံးတွေက
ရင်ကိုလာလာငြိနေတယ်
အချိန်တိုင်းမှာ
နင့် အပြုံးတွေငါ
မြင်ယောင်နေမိတယ်။

မင်းအပြုံးတွေက ငါ့အတွက်
ပျားရည်လိုချိုမြိန်
ဝိုင်တစ်ခွက်လိုယစ်မူးစေခဲ့တယ်
ဆေးစွဲသလိုမျိုးငါ့ မှာ
မင်းအပြုံးကိုစွဲလမ်းနေခဲ့ 
ဒီနှလုံးသားကတောင်းဆိုနေတာက
မင်းရဲ့ အပြုံးတွေကိုပဲ။

နင့် အပြုံးလေးတွေကိုငါ
သတိ၇တိုင်း
စိတ်ထဲမှာပုံဖော်နေမိတယ်
နှလုံးသားထဲမှာထာဝရ
သော့ ခတ်သိမ်းထားမိချင်တယ်
အိုကွယ်
အပြုံးပိုင်ရှင်လေးရယ်
မင်းအပြုံးတွေကို ငါ့ အတွက်
ဖြစ်နိုင်ရင်
တစ်ဘ၀စာမူပိုင်ခွင့် များပေးနိုင်မလားကွယ်။ ။

Photo: "အပြုံးပုံပြင်""

အဲ့ဒီတစ်နေ့ 
ငါမှတ်မိသေးတယ်။
ငါ့နေ့ စွဲတွေထဲ
မင်းအပြုံးတွေနေရာယူခဲ့ တယ်

ငေးကြည့် နေ၇င်း
စက္ကန့် တွေကုန်သွားတယ်
တစ်ခဏတာ
အပြုံးတစ်ပွင့် နောက်မှာ
တစ်ဘ၀စာ အမှတ်တရတွေ
နင်ချန်ရစ်ခဲ့ လေရဲ့ 

မိုနာလီဇာကို ကိုယ်တောင်းပန်ရတော့မယ်
ကောင်မလေးရေ
ကျေးဇူးပြုပြီးမပြုံးလိုက်ပါနဲ့ 
ထိမ်းဖို့ ခက်တဲ့ ငါ့နှလုံးသား
မင်းအပြုံးအောက်မှာ
ရုန်းထွက်ဖို့ မဖြစ်နိုင်ရင်
ခက်လှချည်ရဲ့ 

နှုတ်ခမ်းလေးကွေးတိုင်း
ငါ့ မှာတော့ ရူးမတတ်ပဲ
မင်းအပြုံးတွေအောက်မှာ
ငါအပြေးတစ်ပိုင်းနဲ့ဒူးထောက်
ရူးလောက်အောင်ငါ
ခေတ်သစ်ဥမ္မာဒန္တီရဲ့ 
အပြုံးကျေးကျွန်ဖြစ်နေခဲ့ ပြီပဲ

ပုံကြမ်းမလိုပဲ
မင်းအပြုံးကို
ငါ့နှလုံးသားမှာရေးဆွဲ
ငါကိုယ်တိုင်မသိရှိခင်
ငါ့ကိုငါရစ်ပါတ်ခဲ့ 
ဒီမာယာမပါတဲ့ အပြုံးအောက်မှာ
နှလုံးသားက အလံဖြူပြခဲ့ ရပြီပဲ

ငါ့အခန်းနံရံမှာ
ငါဒိုင်ယာရီထဲမှာ
ငါ့အိမ်မက်တွေထဲမှာ
ငါ့ရင်ခုန်သံတွေထဲမှာ
မင်းအပြုံးရှိနေတယ်
ငါမတွေးပဲနဲ့ သိနေတယ်
ငါမကြည့် ပဲနဲ့ မြင်နေတယ်
မင်း အပြုံးတွေက
ရင်ကိုလာလာငြိနေတယ်
အချိန်တိုင်းမှာ
နင့် အပြုံးတွေငါ
မြင်ယောင်နေမိတယ်။

မင်းအပြုံးတွေက ငါ့အတွက်
ပျားရည်လိုချိုမြိန်
ဝိုင်တစ်ခွက်လိုယစ်မူးစေခဲ့တယ်
ဆေးစွဲသလိုမျိုးငါ့ မှာ
မင်းအပြုံးကိုစွဲလမ်းနေခဲ့ 
ဒီနှလုံးသားကတောင်းဆိုနေတာက
မင်းရဲ့ အပြုံးတွေကိုပဲ။

နင့် အပြုံးလေးတွေကိုငါ
သတိ၇တိုင်း
စိတ်ထဲမှာပုံဖော်နေမိတယ်
နှလုံးသားထဲမှာထာဝရ
သော့ ခတ်သိမ်းထားမိချင်တယ်
အိုကွယ်
အပြုံးပိုင်ရှင်လေးရယ်
မင်းအပြုံးတွေကို ငါ့ အတွက်
ဖြစ်နိုင်ရင်
တစ်ဘ၀စာမူပိုင်ခွင့် များပေးနိုင်မလားကွယ်။ ။

—————————————————————————————

တစ်ချို့ က ကိုယ်အရမ်းချစ်တဲ့လူတစ်ယောက်အပေါ် အကောင်းဆုံးပေးဆပ်ရင်း သူပေးတတ်တဲ့ နာကျင်မှုတွေကို ခဏတာ ပျော်ရွှင်မှုလေးတွေနဲ့ လဲလှယ်ပစ်နိုင်ကြတယ် ကိုယ့်အနားမရှိတော့တဲ့အချိန် တစ်ခြားသူတစ်ယောက်ရဲ့  ရင်ခွင်မှာ ပျော်နေတယ်ဆိုတာသိရက်နဲ့ တောင် သူ ပျော်ရွှင်ပါစေဆိုတဲ့ ဆုတောင်းတွေနဲ့ အတူ တမ်းတနေတတ်ကြပြန်တယ် အတူတူ ဖြတ်သန်းခဲ့ဘူးတဲ့ အမှတ်တရပေါင်းများစွာကို အမြဲတမ်းသတိရနေရင်းနဲ့ ပဲ ကိုယ့်ကိုကိုယ် တန်ဖိုးထားပေးဖို့ တောင် အနားမှမရှိတော့တဲ့ အချိန်ထိ မေ့နေတတ်ကြပြန်တယ် လူတစ်ယောက်ကို အရမ်းချစ်တဲ့အခါ ကိုယ့်ချစ်သူရဲ့  ပျော်ရွှင်မှုတွေကို ကိုယ့်ရဲ့ တစ်ဘ၀လုံးစာ နာကျင်မှုတွေနဲ့  လဲလှယ်ပေးနိုင်ခဲ့တဲ့သူတွေလဲ အများကြီးရှိနေပါတယ်

—————————————————————————————

ဖေ့ဘုတ်ကို Log out လိုက်တယ်..
ဖေ့ဘုတ်ထဲက နင့်ကို ဖေ့ဘုတ်ပေါ်မှာပဲ ထားခဲ့လိုက်တော့မယ်..။

ကွန်ပျူတာကို Shut down ချလိုက်တယ်..
ကွန်ပျူတာထဲမှာ သိမ်းဆည်းထားတဲ့ နင့်ရဲ့အမှတ်တရတွေကို
ကွန်ပျူတာထဲမှာပဲ ထားခဲ့လိုက်ပါမယ်…

ဖုန်းကိုယူ Player ကိုဖွင့်ပြီး ကြုံရာသီချင်းတစ်ပုဒ်နားထောင်လိုက်တယ်..။
နင်ဆိုပြဖူးတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေလို့
ဖုန်းကို Power off လိုက်ပြန်တယ်..။

မျက်လုံးကို စုံမှိတ် အိပ်စက်ဖို့ ကြိုးစားကြည့်တယ်..
မှောင်မိုက်နေတဲ့ မြင်ကွင်းထဲမှာ ပေါ်နေတာက
နင့်မျက်နှာတဲ့လား..?

ဟုတ်မှာပါ..
တချိန်တခါတုန်းက
ငါ့နှလုံးသားထဲမှာသော့ခတ်သိမ်းဆည်းထားခဲ့တဲ့ နင့်ကို
အခု ပြန်ထုတ်ဖို့
အဲ့ဒီသော့ကို ငါကိုယ်တိုင်ပဲဖျောက်ဖျက်လိုက်မိတာပါ..။

—————————————————————————————

ကဗျာဆရာတွေ ရေးနေတဲ့အချစ်စစ်
စာပေသမားတွေပြောနေကြတဲ့ အချစ်စစ်
ပေးဆပ်ခြင်းနဲ့ စွန့်လွှတ်လိုက်တဲ့ အချစ်စစ်….။

တကယ်တော့ အပြောသလွယ်လောက်
ခံစားရတဲ့သူအတွက်တော့ ဘ၀ ပျက်စရာပဲဆိုတာ
ခံစားဖူးတိုင်း နားလည်ပါလိမ့်မယ်….။

တစ်ယောက်အပေါ် တစ်ယောက်
ချစ်နေလျက်သားနဲ့ စွန့်လွှတ်လိုက်ရတယ်
အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြရတယ်

တကယ်တော့ အချစ်စစ်ဆိုတာ
စာအုပ်ထဲမှာ ဖတ်လို့ ကောင်းပေမယ့်
ကြုံတွေခံစားဖူးသူအဖို့ ပေးဆပ်လိုက်ရတဲ့
အချစ်စစ်အတွက် နာကျင်အောင် ခံစားရပါတယ်…

Photo: ကဗျာဆရာတွေ ရေးနေတဲ့အချစ်စစ်
စာပေသမားတွေပြောနေကြတဲ့ အချစ်စစ်
ပေးဆပ်ခြင်းနဲ့ စွန့်လွှတ်လိုက်တဲ့ အချစ်စစ်....။

တကယ်တော့ အပြောသလွယ်လောက်
ခံစားရတဲ့သူအတွက်တော့ ဘ၀ ပျက်စရာပဲဆိုတာ
ခံစားဖူးတိုင်း နားလည်ပါလိမ့်မယ်....။

တစ်ယောက်အပေါ် တစ်ယောက်
ချစ်နေလျက်သားနဲ့ စွန့်လွှတ်လိုက်ရတယ်
အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြရတယ်

တကယ်တော့ အချစ်စစ်ဆိုတာ
စာအုပ်ထဲမှာ ဖတ်လို့ ကောင်းပေမယ့်
ကြုံတွေခံစားဖူးသူအဖို့ ပေးဆပ်လိုက်ရတဲ့
အချစ်စစ်အတွက် နာကျင်အောင် ခံစားရပါတယ်...

—————————————————————————————

တိမ်

တိမ်တိုက်တစ်ခုကိုဆေးခြယ်
ငါ့ကိုနင်က..
လက်ဆောင်ပေးမတဲ့

နင်ပျော်ရင် ပြာလဲ့လဲ့ရောင်
ငါကလဲတိမ်ရောင်တွေကို
မြတ်နိုးနေခဲ့သတဲ့

နင်ငိုရင် မည်းမည်းမှောင်
ပြောင်းလဲတဲ့တိမ်တွေအရောင်
ငါကလဲ ငိုမိသတဲ့

တိမ်ပြာတွေဖန်ဆင်း
ငါ့ကောင်းကင်တွေတောက်ပစေခဲ့သူ

တိမ်ညိုတွေဖန်ဆင်း
ငါ့ကောင်းကင်တွေ ကွဲအက်စေခဲ့သူ

ချစ်တဲ့သူ ဖန်ဆင်းတဲ့ကောင်းကင်
တိမ်ရောင်တွေကြည့်နေယုံနဲ့တင်
ငါဆိုတာ ငိုသံဆိတ် ချစ်စိတ်နဲ့ တိတ်နေခဲ့ရသူ…….

—————————————————————————————

* ချစ်သူ…သို့ *

ချစ်သူ….

နင်မသိတာလား…

ဒီရင်ထဲက နှလုံးသားမှာ

နင်တယောက်ထဲကိုပဲ ချစ်တယ်ဆိုတာ

နင်ထားခဲ့တဲ့အချိန်မှာလည်း

မငြိုငြင်ရက်စွာနဲ့ဆက်ပြီး ချစ်နေတုန်းပါ

ခုချိန်ထိ ဘယ်သူနဲ့မှအစားထိုးမရခဲ့တာ
နင်က ငါ့ရဲ့ အချစ်ဆုံးဖြစ်နေလို့ပါ

အချစ်ဆုံး…ချစ်သူရေ
ငါ့ရဲ့ ရင်ခုန်သံတွေ နင်သိမ်းပိုက်သွားခဲ့မှတော့

နင်တယောက်ထဲကိုပဲ ထာဝရချစ်သွားမယ်ဆိုတာ ယုံကြည်လိုက်ပါ….

Photo: * ချစ်သူ...သို့ *

ချစ်သူ....

နင်မသိတာလား...

ဒီရင်ထဲက နှလုံးသားမှာ

နင်တယောက်ထဲကိုပဲ ချစ်တယ်ဆိုတာ

နင်ထားခဲ့တဲ့အချိန်မှာလည်း

မငြိုငြင်ရက်စွာနဲ့ဆက်ပြီး ချစ်နေတုန်းပါ

ခုချိန်ထိ ဘယ်သူနဲ့မှအစားထိုးမရခဲ့တာ
နင်က ငါ့ရဲ့ အချစ်ဆုံးဖြစ်နေလို့ပါ

အချစ်ဆုံး...ချစ်သူရေ
ငါ့ရဲ့ ရင်ခုန်သံတွေ နင်သိမ်းပိုက်သွားခဲ့မှတော့

နင်တယောက်ထဲကိုပဲ ထာဝရချစ်သွားမယ်ဆိုတာ ယုံကြည်လိုက်ပါ....

—————————————————————————————

 

အဖြေမရှိတဲ့
အရာတွေအတွက်
အဖြေတစ်ခု
မျှော်လင့်ချက်အပြည့်နဲ့
ရှာဖွေနေတုန်း။

ပြီးဆုံးသွားတဲ့ ဇတ်လမ်းတစ်ခုကို
မပြီးသေးဘူးဆိုပြီး
ဇတ်သိမ်းတစ်ခု မျှော်လင့်နေတုန်း။

ပြန်မလာတော့တဲ့
လူတစ်ယောက်အတွက်
တန်ဖိုးရှိတဲ့ အချိန်တစ်ချို့
နင့်ကိုမျှော်လင့်ရင်း
ကုန်ဆုံး နေတုန်းချစ်သူ။

Leave a comment