G-mail ကို ကျွမ်းကျင်အောင်သုံးတတ်တဲ့နည်း ( basic)
အဓိက ကျနော်တို့မြန်မာနိုင်ငံမှာပေါ့လေ၊ လူငယ်တွေထဲမှာ လဝက မှတ်ပုံတင် မလျှောက်ရသေးတဲ့ လူတွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် လူငယ် အများစုမှာ ဂျီမေးဆိုတဲ့မှတ်ပုံတင်တော့ ရှိကြပါတယ်။ ကိုယ်နေ့စဉ်သုံးနေတဲ့ ဒီဂျီမေးကို ဘယ်လို ကျွမ်းကျွမ်းကျင်ကျင် မြန်မြန်ဆန်ဆန်သုံးတတ်အောင် လုပ်ရလဲဆိုတဲ့နည်းလမ်းတွေကို ဒီမှာလာ ဝေမျှပေးကြပါ။ ဥပမာ။ ။ keyboard shortcut လိုဟာမျိုးတွေပေါ့။ မှတ်မှတ်ရရ၊ ကျနော် အင်တာနက် စသုံးခါစက ဒီဂျီမေး စာအဝင်အထွက် ဝင်ဖတ်တာ ပဲ နာရီဝက်လောက်ကြာပါတယ်။(သူများထက်ပိန်းတာလဲ ဖြစ်နိုင်သည်)။အဟီးလ်
ဒါကြောင့်ကိုယ်လို မပိန်းရလေအောင် ဂျီးမေးကို ကျွမ်းတင်အောင်သုံးတတ်တဲ့နည်းတွေကို ကျနော်လည်း ရှာပြီး ဒီကနေတင်ပေးသွားပါမယ်။ ဖတ်ရှူကုန်သောဂုဏ်သရေရှိအမျိုးသမီးများနဲ့ လူကြီးမင်းအပေါင်းတို့လည်း သိတာတွေရှိရင် လာပြောကြပါကုန်။
လူတိုင်းကိုလေးစားတယ်နော်၊

mm_legend

Gmail account usage
gmail account တခုထဲကနေပီးတော့ ကျန်တာတွေတော်တော်များများသုံးလို့ရပါတယ်။
အရင်ဆုံး browser ထဲက gmail ထဲမှာ သုံးလို့ရတာတွေအများကြီးပေါ့။
ပထမဆုံးပြောချင်တာကတော့ gmail ထဲကို login ၀င်ပီးရင် setting ဆိုတာရှိပါတယ် ညာဘက်အပေါ်နားလေးမှာပါ၊အဲဒီထဲကိုအရင်ဝင်လိုက်ပါ၊၀င်ဝင်ခြင်း general ထဲကိုရောက်သွားပါမယ်
အဲဒီမှာ language ကတော့သိပီးသားပေါ့နော်မပြောတော့ဘူး
language အောက် က maximum page size ဆိုတာရှိပါတယ်
အဲဒါက တော့ ကိုယ့်ရဲ့ inbox တို့send mail တို့ ကို one page မှာ ဘယ်နှစ်ခုပေါ်စေချင်လဲဆိုတာကို ရွေးပေးတာပါ
default ကတော့ 20 par page လားမသိဘူး
ကျတော်ကမေးလ်များလို့ 50 par page လုပ်ထားပါတယ်။
အဲဒီအောက်မှာတော့keyboard shortcuts ဆိုတာလေးလာပါပီ
အဲဒီမှာ on နဲ့ off ရှိပါတယ် on ချင်ရင် on လိုက်ပေါ့ default ကတော့ off ပါ ။
နောက်တခုကတော့ my picture ပါ
ဒါလဲကိုတင်ချင်တဲ့ပုံပေါ့နော် အဲဒါ ကို change picture ထဲကနေသွားလိုက်ပါ။
gtalk ကနေတင်ထားလဲရပါတယ်။တူတူပါပဲ vibisible to everyone နဲ့ visible only to people i can chat with ကတော့ ကိုယ့်သဘော ပေါ့ ကြိုက်တာရွေးပေါ့နော်
contact’s picture မှာတော့ show all picture က default ပါ
signature ကတော့ တခုခုပေါ့ ဥပမာ-

warmly welcome
by some one
ပေါ့ အဲဒါ ကိုပို့လိုက်တဲ့ message တိုင်းရဲ့အောက်ခြေမှာ ပါသွားပါလိမ့်မယ်
personla level indicator ကတော့ ကိုယ့်တယောက်ထဲကိုသီးသန့်ပို့တဲ့မေးလ်လား
အားလုံးကိုရောပို့တာလားဆိုတဲ့ indicator လေး ကို on ထားမလားပိတ်ထားမလားပေါ့နော်
outgoing message encoding ကတော့ use unicode (utf-8) ပါ
ကျန်တဲ့နှစ်ခုကဒီတိုင်းထားလဲရပါတယ်
နောက်တမျက်နှာသွားမယ်ဆိုရင် accounts ပေါ့နော်
အဲဒီမှာအရင်ဆုံးစတွေ့မှာက send mail as ပါ
ကိုယ့်ဆီမှာ နောက်ထပ်email တွေရှိသေးရင် အခု ဖွင့်ထားတဲ့ gmail account ကနေပီးတော့ အဲဒီနောက်အီးမေးလ်လိပ်စာတွေနဲ့ပို့လို့ရပါတယ် Gmail ကသူ့account ကနေ ကျန်တဲ့ email လိပ်စာတွေကို လက်ခံပီးတော့ ပို့ပေးပါတယ် ကိုယ်စားလှယ်ပေါ့ဗျာ။
အဲဒီ send mail as က အောက် က get mail from other accounts နဲ့တွဲသုံးလဲရတယ်ဗျ
တွဲမသုံးလဲရတယ်
ဘာလို့လဲဆိုတော့ကာ get mail from other accounts မှာ add another mail account
ကိုနှိပ်လိုက်တာနဲ့ add a mail account ဆိုပီး browser နောက်တခုပေါ်လာပါမယ်
အဲဒီမှာ email ဆိုတဲ့ box လေးမှာ ကိုယ် ရယူချင်တဲ့ နောက်မေးလ်ကိုရိုက်ထည့်ပေါ့
ပီးရင် next step ပေါ့ အဲဒီမှာ password ကို ရိုက်ထည့်ရပါမယ်
ကျန်တာကတော့ default ပါပီးသားပါ ဘာမှပြောင်းစရာမလိုပါဘူး
ပီးရင် enter ပေါ့နော် ပေါ်လာမှာက တော့ your maili account have been add ပေါ့
အဲဒီမှာ အပေါ် က send mail as ပါလာပါပီ
သူကမေးထားပါတယ်အခု add လိုက်တဲ့ email နာမည်သုံးပီး ဒီကနေမေးလ်ပို့ချင်သလားပေါ့
ပို့ချင်ရင် yes ပေါ့
မပို့ချင်ရင် no ပေါ့ yes ပေးလိုက်ရင် နောက်ပေါ်လာတဲ့ဆီမှာ name ဆိုတဲ့box လေးမှာ ကိုယ်မေးလ်ပို့ရင်ပေါ်ချင်တဲ့နာမည်ပေါ့ ချိန်းလို့ရတယ် အဲဒါချိန်းပီးရင် တော့ next step ပေါ့ဗျာ
အဲဒီမှာ send verification ကိုနှိပ်ပါ
ဟဲဟဲ ဟဲ
အဲဒီမှာ နောက်မေးလ်ကိုဖွင့်ဖို့ပြင်ပေတော့ သူက verification တောင်းပီလေ
ကိုadd ထားတဲ့နောက်မေးလ် ကိုဖွင့်အဲဒီမှာ verification မေးလ်ဝင်နေလိမ့်မယ်
အဲဒီverification မေးလ်ထဲမှာ link ကို နှိပ်လိုက် ဒါမှမဟုတ်လဲ အဲဒီမှာ ကုဒ်နံပါတ်ပါတယ်
အဲဒီကုဒ်နံပါတ်ကို စောစော က verification comfirmation လုပ်ခိုင်းတဲ့ဆီမှာ enter the comfirmation verification code ဆိုတဲ့box လေးထဲရိုက်ထည့်လိုက် ပီးရင် verify ပေါ့
ဒါဆိုရင် စောစောက accounts setting ထဲ မှာ
send mail as မှာ စောစော က add ထားတဲ့မေးလ်ဝင်နေပါပီ
get mail from another accounts မှာ လဲ စောစော ကaddထားတဲ့မေးလ်ဝင်နေပါပီ
အဲဒီမေးလ်တွေဘေးမှာတော့ edit info နဲ့ delete ပါမယ် delete ကတော့ delete ပေါ့နော်
edit info လဲ edit info ပေါ့
ဟဲဟဲ
ဒါဆိုရင် စောစော ကadd ထားတဲ့မေးလ်လိပ်စာသုံးပီး gmail ကနေမေးလ်ပို့မယ်ဆိုရင်
compose mail ကို သွားလိုက်ပါ အော် short cut key လေးပြောဖို့မေ့သွားတယ်
compose mail ကို သွားချင်ရင် c လေးကိုနှိပ်လိုက်ပါ
အဲဒီမှာ from ဆိုတာမှာ ရွေးပေတော့ဗျို့  ဘယ်မေးလ်နဲ့ပို့ချင်လဲဆိုတာ
ကဲနောက်မှဆက်ရွီးအုံးမယ်ဗျာ နောက်နေ့ရွီးစရာ ချန်ထားလိုက်အုံးမယ် လက်လဲညောင်းလာလို့
ဟီဟီး short cut key ကတော့ အောက် ကပေးထားတဲ့ link မှာ လေ့လာလိုက်ပေါ့နော်
လက်ညောင်းလို့ မသိတဲ့ဟာရှိမှထပ်မေးတော့နော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s