(၆၁) စကားပြောဖော်
အလွန်ကပ်စေးနှဲသူတစ်ဦးကို ဇနီးဖြစ်သူမှပြောလိုက်သည်။
ငွေကစကားပြောတယ် ဆိုတာ တကယ်ပဲ လားဟင် ကိုကို။
သိပ်ဟုတ်တာပေါ့ မိန်းမရယ်။
ဒါဆိုကိုကို အပြင်သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်းနေရတာပျင်းလွန်းလို့ စကားပြောဖော်အဖြစ် နည်းနည်းလောက်ပေးထားခဲ့စမ်းပါ။
……………………….

(၆၂) အာဂျင်တီးနား
စာသင်ကျောင်းတစ်ခု၌ ပထ၀ီဆရာသည် ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။
အာဂျင်တီးနား နိုင်ငံဘယ်နားမှာရှိလဲကွ။
ဟုတ်ကဲ့။ ပထ၀ီ စာအုပ်ရဲ့ စာမျက်နှာ ၄၃ မှာရှိပါတယ်ဆရာ။
……………………….

(၆၃) ဒါကြောင့်ကိုး
မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆင်ကာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။
ကိုင်း…ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြသေးဘူး။
ကျွန်တော်က စာမတတ်ဘူး ဆရာရဲ့။
………………………..

(၆၄)တကယ့်ရှေ့နေ
တရားခံရှေ့နေ- ဟိုဥစ္စာ ခင်ဗျားရဲ့ ကား မဟုတ်လား။
တရားလို – ရှေ့နေကြီး မေးခွန်းတွေကိုဖြေရင်း ဖြေရင်းနဲ့ ကျွန်တော့်မှာ ကားတစ်စီးပိုင်တယ်လို့တောင် သိပ်မထင်မိတော့ပါဘူး။
………………………..

(၆၅) ရှာရတာမလွယ်ဘူး
လူတစ်ယောက်သည် သူ၏ချစ်သူအတွက် မွေးနေ့လက်ဆောင်အဖြစ် စိန်လက်စွပ်တစ်ကွင်းပေးလိုက်ရာ..
ဟယ် .. လှလိုက်တာ ကိုကိုရယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အပတ်တုန်းက မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေခဲသေတ္တာ ၀ယ်ပေးမယ်လို့ ပြောခဲ့ပြီးတော့။။။
ကိုယ်သိပါတယ်ကွာ။ ဒါပေမယ့် ရေခဲသေတ္တာအတုက ဘယ်ဆိုင်မှာမှ မရဘူးကွာ။
………………………..

(၆၆)သူ့ဇာတာ
ဗေဒင်ဆရာသည် သူ့ရှေ့ရှိ သူ၏ဇာတာကို စေ့စပ်သေချာစွာ တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
ဇာတာရှင် ဟာ လောလောဆယ် အညံ့ပိုင်း ထဲမှာပဲရှိသေးတယ်။ ဒါပေမယ့် မွေးလကျော်ရင်တော့ လက်ခမောင်းခပ်ဖို့ သာပြင်ပေတော့။
ဒါဆို ကျွန်တော်ငွေ အစုလိုက် အပုံလိုက် ရကိန်းရှိလို့ ပေါ့နော်။
ဟင့်အင်း….လက်ဝှေ့ကြိုးဝိုင်းထဲ ရောက်ဖို့ပဲရှိတယ်။
……………………….

(၆၇) ကိစ္စမရှိပါဘူး

ကိုရေ မီးဖိုချောင်ထဲမှာ သူခိုးရောက်နေလို့ သွားဖမ်းပေးစမ်းပါ။
ဟာကွာ…သူ့မှာလက်နက်ပါရင် ပြန်ခုခံမှာပေါ့ကွ။
အဲဒါဘာဖြစ်လဲ..ကိုကိုက အသက်အာမခံလုပ်ပြီးသားပဲဟာ။
……………………….

(၆၈) သတိထားပြီးစောင့်ကြည့်
ဆရာရယ်..ကျွန်မသားလေး သဲတွေနဲ့ ဆော့ရင်းမျိုချမိလို့ ရေတော့တိုက်ထားတယ်။
အဲဒါဘာဆက်လုပ်ရမလဲဟင်။
ဘိလပ်မြေနဲ့ ထုံးနဲ့ ထပ်ပြီးမျိုမချမိစေနဲ့။
………………………
(၆၉) ထင်တဲ့အတိုင်းပဲ
ရှေ့နေ – နေစမ်းပါဦး။ မင်းက သေသေချာချာမြင်ရတယ် ဆိုတော့ သေတဲ့လူနဲ့ ဘယ်လောက်အကွာအဝေးမှာ ရှိနေလို့လဲ။
သက်သေ – ရှစ်ပေခြောက်လက်မတိတိ အကွာမှာရှိနေလို့ပါ။
ရှေ့နေ – အမယ် တယ်လည်းတိကျလှချည်လားကွ။ ဘာဖြစ်လို့ ဒီလောက်တိတိကျကျ ပြောနိုင်ရတာလဲ ။
သက်သေ – အခင်းဖြစ်ရပ်ကိုပြန်ပြောပြရင် ကပ်သီးကပ်ဖဲ့လုပ်မယ့် သူတစ်ယောက်က ဟိုမေးဒီမေးလုပ်ချင်လုပ်လိမ့်မယ်လို့ ထင်လို့ ပေတံနဲ့ကို တိုင်းထားတာပါ။
………………………….

(၇၀) ဘယ်သူမှန်မလဲ
ကျွန်မရဲ့ ဗိုက်ထဲက အလုံးအကြောင်းကို ဒေါက်တာက တစ်မျိုးပြောတယ်။ မနက်ပိုင်းက လာကြည့်တဲ့ ဆရာဝန်က တစ်မျိုးပြောတယ်။ ဘယ်ဟာကိုယုံရမလဲ။
သူပြောတာမှန်မလား။ ကျွန်တော်ပြောတာမှန်မလား ဆိုတာရင်ခွဲရုံရောက်တော့ အဖြေပေါ်ပါလိမ့်မယ်။ မပူပါနဲ့။
……………………………

(၇၁) အတွေးအခေါ်
သစ်ကုလားအုပ်တွေရဲ့ လည်ပင်းဟာ ဘာလို့ရှည်ရတာလဲ မေမေ။
ဒါလေးများ၊ ခေါင်းနဲ့ ကိုယ်နဲ့သိပ်ဝေးနေလို့ ပေါ့ သားရယ်၊
……………………………

(၇၂) အချစ်ကုသိုလ်ကံ
ကျွန်တော်ဟာ မိန်းမနဲ့ပတ်သက်လာရင် ကုသိုလ်ကံဆိုးပါတယ်ဗျာ။ ပထမမိန်းမတုန်းက အိမ်ပေါ်ကဆင်းသွားတယ်။
နောက်မိန်းမကျတော့ ဘယ်လိုဖြစ်သလဲ။
သူကျတော့ လုံးလုံးကို နှင်ချလို့မရဘူးဖြစ်နေတယ်ဗျ။
………………………….

(၇၃) ဒါဖတ်ပြီးမှပြော

ခင်ဗျားရဲ့ကူညီမှုအတွက် ဘယ်လောက်ကျေးဇူးတင်တယ် ဆိုတာ ပြောပြဖို့ စကားလုံးတောင် ရှာမတွေ့သလောက်ပါပဲဗျာ။
ရော့…ဒါဆို ဒီစာအုပ်ဖတ်ကြည့်ပြီး မှပြော။
အဲဒါဘာစာအုပ်လဲဗျာ
အဘိဓာန်စာအုပ်လေ။
………………………….

(၇၄) ကတိအတိုင်း
ဒီ company မှာ ကျွန်တော်ကားဝယ်တုန်းက ကားနဲ့ပတ်သက်ပြီး လိုအပ်တာဘာမဆိုရှိရင် တစ်လအတွင်းလာခဲ့ပါ။ အလကားလုပ်ပေးမယို့ ပြောခဲ့တာမှတ်မိတယ် မဟုတ်လား။
ဟုတ်ကဲ့ခင်ဗျ။ အခုဘာများဆောင်ရွက်ပေးရမလဲခင်ဗျာ။
ကားဂိုဒေါင် တစ်လုံးဆောက်ပေးဖို့ပါ။
…………………………

(၇၅) မသိလို့ပါ
ဘာဖြစ်လို့ သူခိုးကိုသွားကျိုးအောင် ရိုက်ပြီး ဖမ်းရတာလဲ။ ခင်ဗျား မှာအပြစ်ရနိုင်တာမသိဘူးလား။
မသိပါဘူးရှင်။ ကျွန်မယောင်္ကျားဟာ အဲဒီညက ညဉ့်နက်တဲ့အထိ ပြန်မလာလို့ စောင့်ရတာ ဒေါသဖြစ်နေတုန်း
သူကတိတ်တိတ်ကလေး ၀င်လာတော့ ယောက်ျားအမှတ်နဲ့ လုပ်ခဲ့မိတာပါ။ သူခိုးမှန်းသိရင် ဒီလောက်တောင် လုပ်မိမှာမဟုတ်ပါဘူး တရားသူကြီးမင်း။
…………………………

(၇၆) တစ်ကောင်ကြွက်မဟုတ်ဘူး
မင်းထောင်ထဲရောက်နေတာ ၃ နှစ်လောက်ရှိပြီ။ ဘယ်သူမှထောင်ဝင်စာလည်း လာမတွေ့ကြဘူး။ မင်းမှာဆွေမျိုးမိဘတွေမရှိတော့ဘူးလားကွ။
သိပ်ရှိတာပေါ့။ ဒါပေမယ့် တကူးတက လာတွေ့ဖို့မလိုဘူးလေ။ သူတို့အားလုံးဒီထောင်ထဲမှာပဲဟာ။
………………………….

(၇၇) စိတ်ပျိုကိုယ်နု
စိတ်ပျိုကိုယ်နုဖြစ်အောင် ဘာလုပ်ရရင်ကောင်းမလဲ ကျောင်းဒကာရဲ့။
သစ်ပင်ပန်းပင်စိုက်ပေးရင်စိတ်လဲချမ်းသာ လေကောင်းလေသန့်လည်းရှူရလို့ စိတ်ပျိုကိုယ်နုဖြစ်တာပေါ့။
ဒီလိုဆို မာလီကုလားတွေကျတော့ ဘာလို့ စိတ်ပျိုကိုယ်နုမဖြစ်တာလဲ။
…………………………

(၇၈)အထည်ဖိုးကြောင့်
ဒီနေ့တော့ အကုသိုလ်ဝင်တာပဲ မိန်းမရေ။ ကားမောင်းပြန်လာရင်းနဲ့ လမ်းမှာမီးပွိုင့်ကိုဝင်တိုက်မိခဲ့လို့ ဒဏ်ငွေဖြစ်ဖြစ် ထောင်တစ်လဖြစ်ဖြစ် အပြစ်ပေးခံရမယ်တဲ့။
ဒီလိုဆိုဒဏ်ငွေ ဆောင်မနေနဲ့တော့ မောင်။ ဒီလအတွက် မေ ယူထားတဲ့အထည်ကြွေးတွေဆပ်ရမှာ များနေလို့။
………………………..

(၇၉) အကောင်းဆုံးအဖြေ
မင်းမိန်းမခိုးပြေးသွားတဲ့ ကောင်ကို လိုက်မသတ်ဘူးလားကွ။
ငါလိုက်သတ်ရင် ရာဇ၀တ်မှုဖြစ်မှာပေါ့။ ငါ့မိန်းမနဲ့ ကြာကြာနေမိလို့ သူ့ကိုယ်သူ သတ်သေတော့ပိုကောင်းတယ်လေ။
…………………………

(၈၀)မနက်ဖြန်ဆိုရင်
ခင်ဗျားတို့ စတိုးဆိုင်ကို ညကအဖောက်ခံရတာဘာတွေပါသွားလဲ ဗျ။
ဘာတွေပါသွားမှန်း ကို မသိဘူး။ အခုမှ စာရင်းလုပ်မလို့။ မနက်ဖြန်မှ ခိုးရင်အကောင်းသား။
……………………………
မှတ်ချက်။ ။ ရဲစကိုင်း၏ ပြုံးရုံပြုံးပါ ဆိုသော စာအုပ်မှဖြစ်ပါသည်။
စာလုံးပေါင်းသတ်ပုံမှားသွားရင်ကျေးဇူးပြု၍ ဖြည့်စွက်ဖတ်ရှုပေးပါနော်

အနည်းဆုံးတော့ ပြုံးနိုင်ကြပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s