တယ်လီဖုန်းကနေ message လေးတွေ ၊ ပို့ချင်တဲ့ သတင်းအချက်အလက် လေးတွေကို ပို့ရတာ တော်တော်အဆင်ပြေတဲ့ အချက်ပါ ။ ဒါပေမယ့် တယ်လီဖုန်းပေါ်က ခလုတ်လေးတွေဟာ သေးသေးလေးတွေ ဆိုတော့ အလေ့အကျင့် မရှိသူ အတွက်ကတော့ ပို့ချင်တဲ့စာကို ရိုက်ရတာ အတော်လေး လက်ဝင်လှပါတယ် ၊ ကွန်ပြူတာရဲ့ keyboard ကနေ message လေးတွေကို ရိုက်ပြီး ပို့နိုင်မယ်ဆိုရင်တော့ စာရိုက်ရတာ ပိုပြီးလွယ်ကူ မြန်ဆန်တာပေါ့ ၊ အဲလိုမျိုး ကွန်ပြူတာကနေ တယ်လီဖုန်းကို message ပို့နိုင်တဲ့ နေရာလေးကို ကျနော်တွေ့ထားပါတယ် ၊ အခမဲ့သုံးခွင့်လည်း ရဦးမယ်ဆိုတော့ ပိုကောင်းတာပေါ့ ၊ message လေးတွေ ဟိုပို့ဒီပို့ ပို့ချင်သူတွေအတွက် အတော်ပါပဲ ၊ အဲဒီနေရာနဲ့ သုံးစွဲပုံလေးကို လက်ဆင့်ကမ်း လိုက်ပါတယ်.. ပထမဆုံးကတော့ ဟောဒီအောက်ကနေရာလေးကို သွားလိုက်ပါ ၊ http://freemasti.me/sms.php ဟောဒီပုံလေးထဲကလို ဖြည့်ရမယ့်အကွက်လေးတွေ တွေ့မယ် ၊ (၁) Select country: မှာ ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ ဘေးချင်းယှဉ်နေတဲ့အကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ.. ကိုရီးယားဆို 82 ၊ မြန်မာဆို 95 စသည်ဖြင့်ပေါ့ (၂) လက်ခံမယ့် ဖုန်းနံပါတ်ကို ဆက်ဖြည့်လိုက်ပါ ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို ဖုန်းခေါ်သလိုပဲ ဖြည့်ရမှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို ချန်ထားခဲ့ရမှာဖြစ်ပါတယ် ၊ ဥပမာ..ကိုရီးယားက သူငယ်ချင်းတစ်ယောက်ကို message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 010 6017 4235 ဆိုရင် ပို့တဲ့အခါ 821060174235 လို့ရိုက်ပါ (၃) Write your message here လို့ရေးထားတဲ့ အကွက်လေးမှာ ရေးချင်တာတွေရေးပြီး Send SMS Now ကို နှိပ်လိုက်ပါ ။ တစ်ခါတရံမှာ CAPTCHA လို့ခေါ်တဲ့ စာလုံးမှန်အောင် ရိုက်ရတဲ့အကွက် လေးတွေ ရှိနိုင်ပါတယ် (အခုတော့ captcha မတွေ့ဘူး) ဒါဆိုရင် စာလုံးကို မှန်အောင်ရိုက်မှ ပို့လို့ရပါမယ် ၊ ကိုယ့်ဖုန်းနံပါတ်ကို message ပြန်ပို့ပြီး အရင်ဆုံးစမ်းကြည့်ပါ ၊ ပို့သူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ဖို့မလိုတဲ့အတွက် message ၀င်လာတဲ့အခါမှာလည်း ဘယ်သူက ပို့လိုက်တယ် ဆိုတာ သိမှာမဟုတ်ပါဘူး ၊ သိစေချင်တယ်ဆိုရင် message ထဲမှာ ထည့်ရေးလိုက်ရမှာဖြစ်ပါတယ် ။ ကဲ.. အခမဲ့ရတဲ့ message လေးတွေနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ..

ဘလော့ရေးသားချက်ကိုတင်သွင်းသူကတောိ့ကိုဇေယျာ ဖြစ်ပါတယ်။( အရူးလွယ်အိတ် )မှဖြစ်ပါတယ်….

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://lovemusicbirds.ning.com/profiles/blogs/message?xg_source=msg_mes_network#ixzz1uxnnMnV3
မှတ်ချက် ။           ။ စမ်းသက်ချက်တွေအရတော့ မလေးမှာထိတော့ပို့လို့ရပါတယ် ကျနော်လည်း မြန်မာနိုင်ငံမှာပို့ကြည့်တာတော့မရပါဘူး
အရပ်ဝေးက အစ်ကိုတွေအတွက်ပေါ့ဗျာ
                                                                 တောရက်စ်(mc)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s