ဒါလေးကတော့ ကျနော်အွန်လိုင်းစတက်ဘူး က တည်းက သုံးခဲ့တာဆိုတော့ကြာပြီဆိုပါတော့

(အခုတော့ ငတက်ပြား ဖြစ်နေလို့ဒါတွေလိုတော့ဘူးလေ…ဟီးးးး)

ကိုယ်ကြိုက်တဲ့ ရုပ်ရှင် သီချင်း တွေကို အွန်လိုင်းပေါ်ကနေ ဆွဲချ ဖို့ရာ လူကြိုက်အများဆုံး အထောက်ကူပြု

ဆော့ဝဲကတော့ ဒေါင်းလုပ်မန်နေဂျာပေါ့ဗျာ သူ့ ရဲ့ အားသာချက်ကတော့ ရုပ်ရှင်သီချင်းတွေကို

အွန်လိုင်းပေါ်ကနေဆွဲချရာမှာ ရုပ်ရှင်သီချင်းတွေကို အပိုင်းလိုက်ဖြတ်ချလိုက်ပြီး ဖြတ်လို့ရသမျှ အပိုင်း

တွေအားလုံးကို တစ်ခါတည်းဆွဲချပေးတော့ အရမ်းမြန်ဆန်လွယ်ကူတာပေါ့ဗျာ

အဲတစ်ချို့ဆိုက်တွေကျတော့လည်း ဒီ ဒေါင်းလုပ်မန်နေဂျာ ဆော့ဝဲ Run ထားတဲ့ ကွန်ပြူတာဆိုရင်

ဒေါင်းလုပ်မပေးတော့ဘူး ဒေါင်းလုပ်မန်နေဂျာကို ပိတ်ပစ်ပြီး ရိုးရိုးဒေါင်းမှရတယ်

အဲ….ဒေါင်းလုပ်မန်နေဂျာ ရဲ့ အဓိကအားနည်းချက်ကတော့ .swf ဖိုင်တွေဖြစ်တဲ့ Flash တွေမှာလုံးဝ အလုပ်မလုပ်တာပဲ

ဒါကိုသိထားတဲ့ မီဒီယာ ရုပ်ရှင်ဆိုက် အချို့က သူတို့ရဲ့ ရုပ်ရှင်တွေကို Flash အဖြစ်ပြောင်းပြီး

ဆိုက်တွေပေါ်တင်ထားကြတယ်

ခုကျနော်တို့သုံးနေတဲ့ Ning မြန်မာဆိုရှယ်ဆိုက်တွေကလည်း .swf ဖိုင်ဖြစ်တဲ့ Flash တွေကိုသာလက်ခံပြီး

ကျန် ၇ှပ်ရှင် သီချင်း ဖိုင်တွေကို လင့်ချိတ်ပြီး ရှယ်ယူမှ သာ အသုံးပြုလို့ရတာပါ

ဒီတော့ မြန်မာဆိုရှယ်ဆိုက်တွေမှာ Flash Song တွေခေတ်စားတာမဆန်းဘူးပေါ့

ဝန်ကျဉ်းပြီး ထိရောက်မြန်ဆန်တာပေါ့ဗျာ ဒါတွေကိုလိုချင်တဲ့ သူတွေအတွက်

ဒေါင်းလုပ်မန်နေဂျာက အလကားဖြစ်နေတာပေါ့

အဲဒီအတွက် ဆိုက်တစ်ခုရဲ့ စာမျက်နှာပေါ်က ရှိသမျှ Flash တွေကို

တစ်ခါတည်းဆွဲယူပေးတဲ့ ဆော့ဝဲလေးအကြောင်းပြောပြချင်ပါတယ်

(Flash တွေကိုဒေါင်းတဲ့ဆော့ဝဲဆိုလို့ ကျန်တာတွေကောလာမမေးနဲ့

ရှိသမျှ မီဒီယာ ရှပ်ရှင် သီချင်း အကုန်ဒေါင်းတယ် မျက်စိနဲ့မမြင်ရအောင်ဖွက်ထားတဲ့

Flash ဖိုင်တွေပါ အကုန်ဆွဲချတာ သုံးတဲ့သူစိတ်ညစ်လောက်အောင် ဆွဲပြလိမ့်မယ်

ဒေါင်းတဲ့နေရာမှာတော့ ဒေါင်းလုပ်မန်နေဂျာလိုတော့ မမြန်ဘူးနော်)

လုပ်ပုံလုပ်နည်းကတော့……

၁။          ။ဒီမှာအရင်ဆုံးကလစ်ပြီးဆော့ဝဲကိုရန်း လိုက်ပါ

၂။          ။ဆော့ဝဲ ကို ရန်းပြီးရင် Setting ကိုကလစ် ပြီးရင် General ကိုသွား

၃။               ။ရွေးပြီးရင် prompt ကိုသွား အောက်မှာပြတားတဲ့ပုံထဲကအတိုင်းလုပ်

၎။            ။Monitor ကိုထပ်သွား Shock Wave Flash (.swf)မှာအမှန်ချစ်

၅ ။               ။ ပြီးရင် OK ကိုကလစ် ရပါပြီ

ကိုယ်ဒေါင်းချင်တဲ့စာမျက်နာသွား အဲဒီစာမျက်နှာက ဖွင့်ပြီးသားဆို Reloadပြန်လုပ် ဒီလိုမြင်ရလိမ်မယ်

လိုင်းမကောင်းလို့ နှေးနေရင်တော့စောင့်ရပါလိမ့်မယ်…..

အဲဒီအခါကျမှ ကိုယ်လိုချင်တာကိုရွှေးပြီးယူလိုက် ကျန်တာတွေကို ပိတ်လိုက်ပေါ့

(ဒီလိုဆော့ဝဲတွေမလိုပဲ နဲ့လည်း ကလစ်လေးတစ်ချက်နှိပ်တာနဲ့ ရှိသမျှ ဖွက်ထားသမျှ ရုပ်ရှင် သီချင်း ကောင်တာ

အားလုံးကို ချက်ချင်းသိချင်လည်းရပါတယ် ကျနော့်လို သူခိုးတွေပေါနေမှာစိုးလို့ပြောပြတော့ဘူးနော်…ဟီးးးးး)

(သူခိုးဆိုမှတော့ ဘယ်အဆင့်ရှိမလည်း ဟက်ကာခြေဖျားဘယ်မှီမလည်း ဟက်ကာဆိုတာက ဖေါက်ထွင်းဝိဇ္ဇာလေ)

5 responses »

  1. thiha401@gmail.com says:

    ဖလတ်ရှ်ဗီဒီယိုတွေကိုဆွဲချပေးပေမယ့် ပလေးလိုမရဖြစ်နေပါတယ်။ဖေါမက်ဖက်ခထရီနှင့်ပြောင်းလည်း
    အဆင်မပြေဘူး ဘယ်ကွန်ဗာတာနှင့်ပြောင်းကြည့်ရမလဲဆိုတာ အဆင့်ဆင့်ပြောပေးစေလိုပါတယ်။
    ဦးဇင်း ဖုန်း 0973650257

    • thiha401@gmail.com says:

      thiha401@gmail.com says:
      Your comment is awaiting moderation.
      July 27, 2012 at 12:55 am

      ဖလတ်ရှ်ဗီဒီယိုတွေကိုဆွဲချပေးပေမယ့် ပလေးလိုမရဖြစ်နေပါတယ်။ဖေါမက်ဖက်ခထရီနှင့်ပြောင်းလည်း
      အဆင်မပြေဘူး ဘယ်ကွန်ဗာတာနှင့်ပြောင်းကြည့်ရမလဲဆိုတာ အဆင့်ဆင့်ပြောပေးစေလိုပါတယ်။
      ဦးဇင်း ဖုန်း 0973650257

    • ဘုန်းဘုန်းဘုရား အဲဒါဆိုရင်လေ.. R-click နိုပ်ပြီး open with ကိုသွာပါ.. ပြီးရင်လေ.. IE( Internet Explorer) ကို ရွေးပေးလိုက်ပါ.. အဲဒါဆို ရပါလိမ့်မယ်ဘုရား..

  2. thiha401@gmail.com says:

    ကျေးဇူးတင်ပါတယ်။ရမရစမ်းကြည့်ပါဦးမယ် အဆင်ပြေ မပြေကိုထပ်ပြောပါဦးမယ်။
    ဦးဇင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s