လွယ်လွယ်လေးဗျာ ကျနော်တောင် စမ်းကြည့်ပြီးပြီး

Stoke ပြောပြီးတော့ (stroke လေးသုံးကြည့်ရ) stoke ကဲ့သို့ အလားတူတစ်ခုထပ်ပြောပါမယ် Bolder လို့ပဲခေါ်လိုက်ပါမယ် အရင်ဆုံး ပုံတစ်ပုံဖွင့်လိုက်ပါတယ်

ဒီပုံမှာ သဇင်ဆံပင်အနီရောင် အင်္ကျီကလဲ အနီဖြစ်နေတဲ့အတွက် တောရက်စ်က အရောင်လေးတွေ ရောရောထွေးထွေးဖြစ်နေတာကို ကြိုက်တဲ့အတွက် bolder ကိုအနီဖက်သွားတဲ့အရောင် သုံးပါမယ် ကြိုက်ရာသုံးနိုင်ပါတယ်

layer အသစ်တစ်ခုခေါ်ပါတယ် bolder လုပ်မယ့် ဧရိယာကို select လုပ်ပြီး နှစ်သက်ရာ color ဖြည့်လိုက်ပါတယ် color ဖြည့်ပြီးသားကို နောက်တစ်ခုထပ်ပွားလိုက်ပါတယ်

layer 1 ကို ကိုယ်ပါးချင်သလောက် opacity လျော့ချလိုက်ပါတယ် layer 1 copy ကိုတော့ အပေါ်ကို Edit–>Transform (Ctrl+T)နှိပ်ပြီး အပေါ်ကို ကိုယ်လိုသလောက်သေးလိုက်ပါတယ်

ကိုက်ပြီဆိုရင်တော့ layer ၂ခုပေါင်းလိုက်ပါတယ် အဲဒီ ဟာကိုပဲ နောက်တစ်ခုထပ်ပွားလိုက်ပါတယ် ပွားထားတဲ့ layer ကို Edit—>Transform–>Flip Vertical နှိပ်ပြီး ပြောင်းပြန်အနေအထား လုပ်ပါတယ်

ကိုယ်လိုချင်သလောက်ကို mouse နဲ့ဖိပြီး အပေါ်ဖက်ကို တွန်းတင်လိုက်ပါတယ်

တောရက်စ်က ဒီပုံမှာတော့ သဇင်ဆံပင်လှနေတဲ့အတွက် အပေါ်က bolder ကိုသေးထားပါတယ် အပေါ်ဖက် ဧရိယာ နည်းနေတာကြောင့်လဲပါပါတယ် ကိုယ့်စိတ်ကြိုက်အနေအထားအတိုင်း လုပ်လို့ရပါတယ် ဒီမှာက ကာလာ တစ်ရောင်တည်းလုပ်ထားတာပါ ကာလာအစပ်အဟပ် နားလည်ရင်တော့ ကြိုက်ရာကာလာ စပ်နိုင်ပါတယ်ဒီအနေအထားအတိုင်း ထားလိုက်ရင်လည်း ပုံတစ်ပုံပြီးပါပြီ

ဒါပေမယ့် နည်းနည်း အမြင်ဆန်းအောင် စာသားလေးတစ်ခုရေးကြည့်ရအောင် အောက်ခြေမှာ ကြီးထားတဲ့အတွက် အောက်ခြေမှာပဲ ရေးပါတယ် စာသားတစ်ခုခုရိုက်လိုက်ပါ ဒီနေရာမှာ Customer ကိုမေးပြီး သူ့စိတ်ကြိုက်ရှိရင် စိတ်ကြိုက် စာသားရိုက်ပေးတာ ပိုကောင်းပါတယ် ဘာရိုက်ရမှန်းမသိရင်လည်း google မှာ love message , birthday message စသဖြင့် ရှာနိုင်ပါတယ် တောရက်စ် ကတော့ နမူနာပြတာဖြစ်တာကြောင့် ရှာတော့ပါဘူး ရိုက်ချင်ရာရိုက်လိုက်ပါပြီ

ပီးတော့ color box ထဲက Style tab ကနေ ကြိုက်တဲ့ပုံစံ လိုက်ဖက်မယ့်ပုံစံ တစ်ခုခုရွေးပါ Font ကိုလည်း ဒီအတိုင်းမထားပါနဲ့ တောရက်စ်က font ပြောင်းလိုက်ရင် အဲဒီ font က စက်တိုင်းမှာ မရှိနိုင်လို့ မပြောင်းတာပါတကယ်လုပ်ရင်တော့ font စုံရင် ပိုကောင်းပါတယ် color box ပျောက်နေရင် Window—>color ကိုနှိပ်ပြီး ခေါ်နိုင်ပါတယ်

ဒီနေရာမှာ အပြာလေးဆို စာသားလေးက ပေါ်မှာပါ တောရက်စ်ရေးထားတာက ပုံနဲ့ဘာမှမဆိုင်တဲ့အတွက် မပေါ်စေချင်လို့ မသိမသာ ကာလာလေးပဲထားပါတယ် :D စာသားကောင်းကောင်းလေး font လှလှလေးနဲ့ လုပ်ကြည့်လိုက်ကြပါနော် ရိုးရှင်းလွယ်ကူပြီး မြန်ဆန်တဲ့အတွက် အသုံးများတဲ့ function တစ်ခုပါ များသောအားဖြင့် Wedding ပုံ အလှဓါတ်ပုံတွေမှာ အသုံးများပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s